၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းစစ်တမ်း

ဖြေဆိုမှု့ စတင်ပါ(အင်္ဂလိပ်)

ဖြေဆိုမှု့ စတင်ပါ(အင်္ဂလိပ်)

ဂျပန်နိုင်ငံအစိုးရသည် ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ စတင်ကာ သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမည် ဖြစ်ပါသည်။
သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်းသည် အရေးအကြီးဆုံး စာရင်းကောက်ယူခြင်းဖြစ်ပြီး ငါးနှစ်လျှင် တစ်ကြိမ် လုပ်ဆောင်ပါသည်။

သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်းမှရရှိသော အချက်အလက်များကို နိုင်ငံခြားသားများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်သော မြို့တော်၏ စီမံကိန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။
သန်းခေါင်စာရင်းစစ်တမ်း ကောက်ခံမှုတွင် ဂျပန်နိုင်ငံအတွင်း သုံးလနှင့်အထက် နေထိုင်နေသော (သို့) သုံးလနှင့်အထက် နေထိုင်ရန် အစီအစဉ်ရှိသော နိုင်ငံခြားသားတိုင်း အကျုံးဝင်သည်။ သန်းခေါင်စာရင်းစစ်တမ်း ကောက်ခံရန် အကျုံးဝင်သူတိုင်းသည် ကောက်ခံစစ်ဆေးမှုကို ခံယူရန် တရားဥပဒေအရ တောင်းဆိုထားသည်။ သို့ဖြစ်ပါ၍ မပျက်မကွက် စစ်ဆေးမှု့ ခံယူပါ။
လူကြီးမင်း၏ စစ်တမ်းအဖြေလွှာများကို ကိန်းဂဏန်း စာရင်းအင်း အချက်အလက် ပြုစုရန်အတွက်သာ အသုံးပြုမည် ဖြစ်ပြီး လူဝင်မှု့ကြီးကြပ်ရေး၊ ရဲဌာန၏စစ်ဆေးမှု (သို့) အခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုမည် မဟုတ်ပါ။

သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်းကို အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်မည်ဖြစ်သည်။

**သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း အစီအစဉ်ဇယားသည် ဒေသအလိုက် ကွဲပြားနိုင်သည်။

1

သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများ ဖြန့်ဝေပေးခြင်း (စက်တင်ဘာလ ၁၄၊ တနင်္လာနေ့မှ စ၍)

သန်းခေါင်စာရင်းစစ်တမ်း ကောက်ခံသူဝန်ထမ်းများသည် လူကြီးမင်းတို့အိမ်သို့ လာရောက်ပြီး သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများကို လူကြီးမင်းတို့၏ စာတိုက်ပုံး (mailbox) ထဲတွင် ထားပေးခဲ့မည် ဖြစ်သည်။

2

အွန်လိုင်းမှတစ်ဆင့် ဖြေဆိုနိုင်သည့်ကာလ (စက်တင်ဘာလ ၁၄ရက်၊ တနင်္လာနေမှ စ၍ အောက်တိုဘာလ ၇ရက်၊ ဗုဒ္ဓဟူးနေ့ အထိ)

သန်းခေါင်စာရင်းစစ်တမ်းကို အွန်လိုင်းမှတစ်ဆင့် ဖြေဆိုနိုင်သည်။
သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများကို လူကြီးမင်းအိမ်တွင် လက်ခံရရှိသောအခါ ဖြေဆိုရန်ဆိုက် (Response Site) သို့ ဝင်ရောက်ပြီး စစ်တမ်းဖြေဆိုနိုင်ရန် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။ စစ်တမ်းကို ဖြေဆိုနိုင်ရန် အင်တာနက်ကို အသုံးပြုပါ။
စစ်တမ်းဖြေဆိုနိုင်ရန် “လော့ဂ်အင်အိုင်ဒီ” (Login ID) နှင့် “အသုံးပြုခွင့်သော့” (Access Key) လိုအပ်မည်။ ယင်းတို့ကို လူကြီးမင်းလက်ခံရရှိသော “စစ်တမ်းကောက်ယူခြင်း စာရွက်စာတမ်း စာအိတ်”တွင် ပါရှိသော “အွန်လိုင်းမှတစ်ဆင့် ဖြေဆိုခြင်း”အတွက် လမ်းညွှန်ချက်တွင် တွေ့နိုင်ပါသည်။

ဖြေဆိုမှု့ စတင်ပါ(အင်္ဂလိပ်)

  • စစ်တမ်းကောက်ယူခြင်း စာရွက်စာတမ်း စာအိတ်
  • အွန်လိုင်းမှတစ်ဆင့် ဖြေဆိုခြင်း လမ်းညွှန်ချက်
  • စစ်တမ်းကောက်ယူခြင်း စာရွက်စာတမ်း စာအိတ်

  • အွန်လိုင်းမှတစ်ဆင့် ဖြေဆိုခြင်း လမ်းညွှန်ချက်

ဖြေဆိုမှု့ စတင်ပါ(အင်္ဂလိပ်)

  • အွန်လိုင်းမှတစ်ဆင့် ဖြေဆိုခြင်းအတွက် အောက်ဖော်ပြပါ ဘာသာစကားဖြင့် ဖြေဆိုနိုင်သည်။ နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်နိုင်သည်။
    ဂျပန်၊ အင်္ဂလိပ်၊ တရုတ် (ခေတ်သုံး၊ ရိုးရာ)၊ ကိုရီးယား၊ ဗီယက်နမ်၊ စပိန်၊ ပေါ်တူဂီ
  • လူကြီးမင်းဖြေဆိုထားသော အချက်အလက်များကို တင်းကြပ်သောလုံခြုံရေးဖြင့် ကာကွယ်ထားသောကြောင့် စိတ်ချရပါသည်။
  • အွန်လိုင်းမှ စစ်တမ်းဖြေဆိုခြင်းသည် ဂေဟစနစ်ကို အကျိုးပြုဆုံးဖြစ်ပြီး အချက်အလက်များ ပေးပို့ခြင်းကြောင့် ကုန်ကျမည့် စရိတ်စကများနှင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကို လျော့ချရာ ရောက်သည်။

စစ်တမ်းဖြေဆိုရန် လူကြီးမင်း၏ စမတ်ဖုန်း (သို့) ကွန်ပြူတာကို အသုံးပြုပါ

  • *စစ်တမ်းဖြေဆိုပြီးနောက်ပိုင်း လူကြီးမင်း၏ အိမ်ထောင်တွင် ကလေးမွေးဖွားခြင်း (သို့) ပြောင်းရွေ့ခြင်း ကဲ့သို့ အပြောင်းအလဲများရှိပါက အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့ မတိုင်မီ ဖြေဆိုရန်ဆိုက်သို့ ပြန်လည်ဝင်ရောက်ပြီး အချက်အလက်များ ပြင်ဆင်ပေးပါ။ ပြန်လည်ဝင်ရောက်နိုင်ရန် လူကြီးမင်းအသုံးပြုထားသော “လော့ဂ်အင်အိုင်ဒီ” (Login ID) နှင့်စကားဝှက် (Password) ကိုပြန်လည်အသုံးပြုနိုင်သည်။
  • *အွန်လိုင်းမှ စစ်တမ်းဖြေဆိုထားသူသည် စာရွက်စာတမ်းနှင့် ဖြေဆိုပေးပို့ရန် မလိုအပ်ပါ။ စာရွက်စာတမ်းတွင် မည်သည့်အရာမှ မဖြည့်စွက်ပဲ ဖျက်ဆီးနိုင်ပါသည်။
3

စာရွက်စာတမ်းနှင့် ဖြေဆိုနိုင်သည့်ကာလ (အောက်တိုဘာလ ၁ရက်၊ ကြာသပတေးနေ့မှ အောက်တိုဘာလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့ အထိ)

အွန်လိုင်းမှ စစ်တမ်းဖြေဆိုခြင်း မပြုလုပ်နိုင်ပါက စာရွက်စာတမ်းဖြင့် ဖြေဆိုနိုင်ပါသည်။
လူကြီးမင်းသည် စာရွက်စာတမ်းနှင့် ဖြေဆိုမည်ဆိုပါက “စစ်တမ်းကောက်ယူခြင်း စာရွက်စာတမ်း စာအိတ်”တွင် ပါရှိသော “စစ်တမ်းကောက်ယူမှုဇယား၏သက်ဆိုင်ရာဘာသာပြန်” နှင့် “စစ်တမ်းကောက်ယူမှုဇယား၏ဖြည့်စွက်နည်းအတွက်သက်ဆိုင်ရာဘာသာပြန်” ကို ကိုးကားနိုင်ပါသည်။
ကျေးဇူးပြု၍ “သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်း စာအိတ်“ တွင် ပါရှိသော သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများတွင် ဖြည့်စွက်ဖြေဆိုပါ။
ဖြေဆိုပြီးသော စာရွက်စာတမ်းများကို သုံးခေါက်ခေါက်ပြီး “စာတိုက်မှပေးပို့သည့်စာအိတ်” တွင် ထည့်ပြီး နီးစပ်ရာ စာတိုက်ပုံးများသို့ အောက်တိုဘာလ ၇ရက်၊ ဗုဒ္ဓဟူးနေ့ မတိုင်မှီ ပေးပို့ပါ။ တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

  • သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများ
  • စာတိုက်မှ ပေးပို့သည့် စာအိတ်
  • သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများ

  • စာတိုက်မှ ပေးပို့သည့် စာအိတ်

  • *တစ်ချို့သောဒေသများတွင် စာဖြင့်ပေးပို့ ဖြေဆိုနိုင်မည် မဟုတ်ပါ။
  • *စာတိုက်မှ ပေးပို့ရန် ခက်ခဲပါက အောက်ဖော်ပြပါ သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှုစင်တာသို့ ဆက်သွယ်ပြီး သန်းခေါင်စာရင်းစစ်တမ်း ကောက်ခံသူဝန်ထမ်းများထဲမှ တစ်ယောက် လူကြီးမင်းထံမှ စာရွက်စာတမ်းများ လာယူရန် တောင်းဆိုနိုင်ပါသည်။
4

စစ်တမ်းဖြေဆိုခြင်းပေးပိုရန် တောင်းခံခြင်း

လူကြီးမင်း၏ ဖြေဆိုထားမှုများ အောက်တိုဘာလ ၇ရက်၊ ဗုဒ္ဓဟူးနေ့တွင် မရောက်ရှိပါက သန်းခေါင်စာရင်းစစ်တမ်း ကောက်ခံသူဝန်ထမ်းမှ ထပ်မံတောင်းခံမည် ဖြစ်သည်။

လူကြီးမင်းသည် စစ်တမ်းတွင်မည်သည့်အရာ ဖြေဆိုရမည်ကိုမသိပါက (သို့) သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူခြင်း စာရွက်စာတမ်းများ လက်ခံမရရှိပါက သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှုစင်တာ သို့ ဆက်သွယ်နိုင်သည်။

သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှုစင်တာ- 0570072020

ဖြေဆို နိုင်မည့်ကာလ: နိုဝင်ဘာလ ၃၀ရက်၊ တနင်္လာနေ့ အထိ

ဧည့်တွေ့ချိန်- မနက် ၈နာရီ မှ ည ၉နာရီအထိ

*အော်ပရေတာများမှ ဂျပန်ဘာသာစကားဖြင့် ဖြေဆိုမည်ဖြစ်သော်လည်း နိုင်ငံခြားသာသာစကားဖြင့် ဖြေဆိုခြင်းများလည်း ရရှိနိုင်သည်။